ရန်ကုန် သြဂုတ် ၁၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများအတွက် တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းအန္တရာယ် ကျဆင်းရေး တို့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ နေ့စဉ်ည ၉ နာရီမှ ည ၁၂ နာရီအချိန်အထိ မော်တော်ယာဉ်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ညအချိန်က ကန်တော်ကြီး ပတ်လမ်း၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖြတ်သန်းသွားလာနေသော ယာဉ်များအတွင်း၌ မူးယစ်ဆေးဝါးသယ်ဆောင် လာခြင်း ရှိ/ မရှိ၊ အန္တရာယ် ပြုနိုင်သော လက်နက်များဖြစ်သည့် တုတ်၊ ဓား များ သယ်ဆောင်လာခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး ယာဉ်မောင်းများအနေဖြင့် အရက်သေစာသောက်၍ မောင်းနှင်ပါက ယာဉ်အန္တရာယ်ဖြစ်ပေါ်နိုင်သည့်အတွက် ပညာပေးခြင်း နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာ စေရေးတို့ကိုပါ အသိပညာပေးခဲ့ကြသည်။ အဆိုပါလုပ်ငန်းများ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဝင်းဗိုလ်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုတပ်ကြပ်ဘုန်းမင်းခန့်နှင့် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)