မင်္ဂလာဒုံ အောက်တိုဘာ ၂၀
ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သည့် အဘိဓမ္မာအခါတော်နေ့ ဖြစ်သည်။ အဘိဓမ္မာအခါတော်နေ့သည် ဗုဒ္ဓမြတ်စွာဘုရား တာဝတိံသာနတ်ပြည်သို့ ကြွချီတော်မူ၍ မယ်တော် မိနတ်သားကို ကျေးဇူးဆပ်ရန်၊ မယ်တော်မိနတ်သား အပါအဝင် နတ်ဗြဟ္မာအပေါင်းတို့ကို ဝါတွင်း (၃) လတိတိ အဘိဓမ္မာတရားဟောကြားပြီး သီတင်းကျွတ်လပြည်နေ့တွင် လူ့ပြည်သို့ ဆင်းသက်ကြွချီ တော်မူရာ လူ့ပြည်မှမင်းနှင့်တကွ ဗုဒ္ဓဘာသာ ဝင်များက ဘုရားရှင်ကို ဆီမီး၊ အမွှေးနံ့သာ၊ ပန်းများဖြင့် ပူဇော်ကြည်ညိုကြိုဆိုကြခြင်းကို အဘိဓမ္မာအခါတော်နေ့ဟု သတ်မှတ်ကာ လှူဒါန်းမှုများ ပြုကြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ သမိုင်းဝင်စေတီတော်မြတ်ကြီးတွင် ယနေ့ နံနက် (၅) နာရီမှ စတင်ကာ ဘုရားကြီး၏ ဂေါပကဥက္ကဋ္ဌ ဦးရွှေမောင်နှင့်အဖွဲ့က အာရုံခံ တန်ဆောင် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များကို သစ်သီးများ ကပ်လှူခြင်း၊ ဆီမီး၊ ပန်းတို့ကို ကပ်လှူပူ ဇော်ခဲ့ကြသည်။
ဆက်လက်ပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်ဘုရားဖူးပြည်သူများက ဘုရားကြီအား ရွှေသင်္ကန်း ကပ်လှူရန်အတွက် အလှူငွေများ စုပေါင်းလှူဒါန်း ကြသည်။ ဘုရားဖူးလာပြည်သူများကိုလည်း စေတနာရှင်၊ အလှူရှင်များက စတုဒီသာ အလှူမုန့်ဟင်းခါး၊ အချိုရည်တို့ကို လာရောက်လှူဒါန်း ကြောင်း သိရသည်။
မျိုးသန့် (မင်္ဂလာဒုံ)