ထန်းတပင်မြိုနယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူကလေးငယ်အား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေး

ထန်းတပင်(ရန်ကုန်) အောက်တိုဘာ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း အသက်(၁၂)နှစ်နှင့်အထက် အသက်အရွယ် ရှိသည့် ကျောင်းသား၊ ကျောင်းသူက လေးငယ်များအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း သတ်မှတ်စုရပ်နေရာ(၄)နေရာတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဆက်လက်၍ ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်း အသက်(၁၂)နှစ်နှင့်အထက် အသက်အရွယ်ရှိသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အောက်တိုဘာလ(၁၇)ရက်နေ့မှ စတင်၍ အ.ထ.က(ထန်းတပင်)ကျောင်း၊ အ.ထ.က(ရိုးခွ)ကျောင်း၊ အ.ထ.က(ခွဲ)ဝါးတရာကျောင်း၊ အ.ထ.က (ပန်းတိုင်)ကျောင်း၊ အ.ထ.က(နဲသမိန်)ကျောင်း၊ အ.ထ.က (ကျူတော)ကျောင်း၊ အ.ထ.က(ခွဲ)တလိုင်မှီ ကျောင်းနှင့် အ.ထ.က(လှည်းဆိပ်) ကျောင်းစုရပ် (၈)နေရာ တို့တွင် အခြေခံပညာကျောင်း(၁၇)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၄၅၂)ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသလို အောက်တိုဘာလ(၁၈) ရက်နေ့တွင် အ.ထ.က(ခွဲ)ကျိုက္ခနာ၊ အ.ထ.က(ခွဲ)ညောင်ရိုး၊ အ.လ.က(ခွဲ)ဒေါင့်ကြီး၊ အ.လ.က (တူးချောင်း)၊ အ.ထ.က(ခွဲ) အတွင်းရေကျော်၊ အ.ထ.က(အလိန်လည်)၊ အ.ထ.က(ဘောလည်)၊ အ.လ.ကကျွဲကူး၊ အ.လ.က (တက်သစ်)၊ အ.ထ.က(ခွဲ)လမုတန်းကြီး၊ အ.ထ.က (ခွဲ)မဲပလီ၊ အ.ထ.က(ခွဲ)အတွင်း သဲဖြူကျောင်းစုရပ် (၁၂)နေရာတို့တွင် အခြေခံပညာကျောင်း (၁၅) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၄၂၀)ဦးတို့ကို ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြကြောင်း သိရပြီး အောက်တိုဘာလ (၁၉)ရက်နေ့၊ ယနေ့တွင်လည်း အ.ထ.က(ခွဲ)အုတ်ဖိုကျောင်း၊ အ.ထ.က(ခွဲ) ကျောင်းကုန်းကျောင်း၊ မူလွန်ထိန်နှစ်ပင်ကျောင်းနှင့် အ.လ.က (ရခိုင်ရိုးလေး) ကျောင်းစုရပ်လေးနေရာ တို့တွင် အခြေခံပညာကျောင်း(၉)ကျောင်းတို့မှ အသက်(၁၂)နှစ်အထက် အသက်အရွယ်ရှိသည် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးကို ဆက်လက်၍ ထိုးနှံပေးလျက်ရှိကြောင်းလည်း သိရသည်။

အသက်(၁၂)နှစ်အထက် အသက်အရွယ်ရှိသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကာကွယ် ဆေးထိုးနှံရာတွင်လည်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန့်ဇင်နှင့် ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးကို ထိုးနှံပေးလျက် ရှိကြောင်း သိရပြီး ကာကွယ်ဆေးထိုးနှံမှုများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ်ကြီးကြပ်မှုများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)