ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတို့၏ ရင်တွင်းစကားသံ

မိုင်းလုံ     အောက်တိုဘာ     ၁၈

ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် (၁၈--၂၀၂၁) ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ပိုးစတင် တွေ့ရှိခဲ့ရာ ယနေ့အချိန်ထိ ကျန်းမာ၍ ဆေးရုံဆင်းခွင့်ရသူ (၁၈၁) ဦး၊ ဆေးကုသမှု ခံယူသူ (၃၂) ဦး၊ သေဆုံး(၄)ဦး စုစုပေါင်း (၂၁၇) ဦး ရှိကြောင်း မိုင်းလုံတိုက်နယ် ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂)ကြိမ်ထိုးပြီးဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံကိုလည်း အခုလို ကြားသိ ခဲ့ရတယ်။

ကျွန်တော့ နာမည်က ဦးထင်ကျော်ဦး၊ အသက်(၅၃)၊ အထက်ရပ်ကွက်၊ မိုင်းလုံမြို့ မှာနေ ပါတယ်။ ကျွန်တော်တို့ အနီးဝန်းကျင် အိမ်နားမှာ ကိုဗစ်-၁၉ပိုးတွေ့လူနာတွေ့ရှိ ပြီးနောက်ပိုင်း ကျွန်တော်တို့ မိသားစု (၃) ယောက်လည်း နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက် ကိုက်ခဲတာတွေ ဖြစ်တာပါတယ်။ ကိုဗစ်-၁၉ ရောဂါရဲ့ လက္ခဏာကြောင့် မသင်္ကာဖြစ်ပြီး တိုက်နယ် ကျန်းမာရေးဌာနကို သွားရောက်စစ်ဆေးကြည့်တော့ အမျိုးသမီးနဲ့သားကကိုဗစ် Positive တွေ့ရပြီး ကျွန်တော်က(၂)ရက်အကြာဖျားလို့ပြန်စစ်ကြည့်မှ Positive တွေ့ရပါတယ်။

ရောဂါစဖြစ်တဲ့ အချိန်မှာ‌တော့ နှာ‌စေး၊ ချောင်းဆိုး၊ ကိုယ်လက်ကိုက်ခဲပြီး ဖျားပါတယ်။ Quarantine Centre မှာ ကျန်းမာရေးဌာနကတာဝန်ရှိသူတွ ညွှန်ကြားချက်တဲ့အတိုင်း ဆေးပုံမှန် သောက်ပါတယ်။ ကိုယ်ခံအားကောင်းလာအောင် အဟာရပြည့်မဲ့ အစား အသောက်တွေကို (စားချင်စိတ်မရှိလည်း) ပုံမှန်စားပါတယ်။ အဓိကတော့ ရေချိုးဆင်ခြင်ပြီး အအေးမိမခံရအောင် ဂရုစိုက်နေထိုင်ပါတယ်။

ကျွန်တော်က ကိုဗစ်ရောဂါ ကာကွယ်ဆေး(၂)ကြိမ် ထိုးထားပြီး၊ Quarantine Centre မှာလည်း ကျန်းမာရေးဝန်ကြီးဌာနကတာဝန်ရှိသူတွေရဲ့ လမ်းညွှန်တဲ့အတိုင်း  နေထိုင် စားသောက်မှုပုံစံနဲ့  နေလာခဲ့တဲ့အတွက် သတ်မှတ်ရက်ပြည့်တဲ့နေ့မှာ ကျန်းကျန်းမာမာနဲ့ အိမ်ကိုပြန်လာနိုင်ခဲ့ပါ တယ်။ ကျွန်တော့အနေနဲ့အကြံပြုချင်တာက ကိုဗစ်ကာကွယ်ဆေးကို ထိုးကြပါ၊ ကာကွယ်ဆေး ဆိုတဲ့အတိုင်း အသက်အန္တရာယ်ကို ကာကွယ်ပြီးသားဖြစ်တဲ့အတွက် အခန့်မသင့်လို့ ကူးစက်မှု ခံရခဲ့လည်း ရောဂါပြင်းပြင်းထန်ထန် မခံစားရဘဲ သက်သာပျောက်ကင်းပါတယ်။  ရောဂါသက်သာ ပျောက်ကင်းပြီး Home Quarantine နေတဲ့အချိန်မှာလည်း အဟာရပြည့်ဝအောင်စားပါ၊ ရေချိုးဆင်ခြင်ပါ၊ အလုပ်ကိုပြင်းပြင်း ထန်ထန်လုပ်တာတွေ၊ အပင်ပန်း ခံတာတွေရှောင်ကြဉ်ပါ၊ အဆုတ်ကို ပြန်လည်အားကောင်းစေမဲ့ အသက်ရှူ လေ့ကျင့်ခန်းကို ခကြာခဏလုပ်ပေးပါ၊ Maskကို(၂)ထပ်တပ်ပြီး ၆)ပေ(သို့) (၃)ပေအကွာက စကားပြောပါ၊ အတတ်နိုင်ဆုံးအိမ်မှာနေပြီး ကျန်မာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကြပါလို့ တိုက်တွန်းပြောကြား လိုပါတယ်။

ဇော်ဇော်(ပြန်/ဆက်)