မန်တုံမြို့တွင် Mask  မတပ်သူများအား Mask ဝေငှပြီး အသိပညာပေးခြင်းနှင့် ဈေးဆိုင်များ လိုက်လံ စစ်ဆေး

မန်တုံ   အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်ရှိ ကုန်စုံဆိုင်၊ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/ မရှိ  ယနေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် မန်တုံပြည်သူ့စစ် (ဌာနေ) ပူးပေါင်းအဖွဲ့က လိုက်လံစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်း ဦးဆောင်၍ ပြန်/ဆက်ဦးစီးဌာန လျှင်စစ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မန်တုံပြည်သူ့စစ် (ဌာနေ)ပူးပေါင်းအဖွဲ့က မြို့မရပ်ကွက်တွင်းသို့ အဖွဲ့()ဖွဲ့ခွဲ၍ အများပြည်သူသွားလာကြသည့် ကုန်စုံဆိုင်၊ ဈေးဆိုင်၊ စားသောက်ဆိုင်နှင့် ကွမ်းယာဆိုင်များအား ဆိုင်ရှေ့ ခြောက်ပေအကွာ ကြိုးတန်း၍ အဝင်ဝတွင်လက် ဆေး ရည်(Hand Gel)များ ထားရှိစေရေး၊ ဈေးဝယ်သူနှင့် ရောင်းသူ များလဲ နှာခေါင်းစည်း (Mask) တပ်ဆင်၍ ခြောက်ပေအကွာတွင် ပြောဆိုကာ ဈေးဝယ်/ရောင်းချ ပြုလုပ်စေရေး၊ လူစုလူဝေးမဖြစ်စေရေးနှင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဈေးရောင်းချမှုကို နံနက် ၆ နာရီမှ မွန်းတည့်၁၂နာရီ ထိသာ အချိန်သတ်မှတ် ရောင်းချစေရေး စစ်ဆေးမှာကြားခြင်း၊ နှာခေါင်းစည်း (Mask)မတပ်သူများအား (Mask)ဝေငှ၍ (Mask) တပ်ဆင်ရန် အသိပညာပေးဆောင် ရွက်ခဲ့ကြ ကြောင်း သိရသည်။

ထို့အတူ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကိုလည်း ဆိုင်ထိုင်၍ စားသောက် သုံးဆောင် ခြင်းများ ခွင့်မပြုတော့ဘဲ ပါဆယ်စနစ်(Take Away)ဖြင့်သာ ရောင်းချစေရန် အသိပေး လမ်းညွှန် မှာကြားခဲ့ကြပြီး အဆိုပါ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ဆိုင်များအား တည်ဆဲ ဥပဒေအရ အရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ အောက်တိုဘာ ၁၃ ရက်မှ အောက်တိုဘာ၂၂ထိ ကန့်သတ်ထားပြီး နေ့စဉ်ပူးပေါင်းအဖွဲ့မှ အလှည်ကျ ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မန်တုံ ပြန်/ဆက်