မိုင်းလုံမြို့  “ဖြူစင်မေတ္တာပရဟိတ” အသင်းအား အလှူငွေများပေးအပ်လှူဒါန်း

မိုင်းလုံ အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ယနေ့ နံနက်ပိုင်းတွင် ဖြူစင်မေတ္တာ ပရဟိတအသင်းထံ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် မိုင်းလုံမြို့  ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် အခြားလိုအပ်သော နေရာများတွင် အသုံးပြုရန် မိုင်းလုံမြို့ ရေပေးဝေရေး ကော်မတီမှ အလှူငွေ(၃၀၀၀၀၀/-)ကျပ်၊  ရွှေမန်းဂိတ် (မိုးကုတ်)မိသားစုမှ အလှူငွေ (၂၀၀၀၀၀/-)ကျပ်၊ ဦးချစ်ကို(S.A.E) မိုင်းလုံလျှပ်စစ်ရုံးမှ အလှူငွေ(၅၀၀၀၀/-)ကျပ်၊ ကွယ်လွန်သူ ဒေါ်လှမေအား ရည်စူး၍ ကျန်ရစ်သူမိသားစု (စျေးရပ်ကွက်)မှ အလှူငွေ (၅၀၀၀၀/-) ကျပ်၊ ဦးမိုင်လား+ဒေါ်မာယာ သားမောင်နာရမ် မိသားစု (ဘန်ကောက်မြို့)မှ  အလှူငွေ (၅၀၀၀၀/-)ကျပ်၊ ဦဿးမ်းမဟာဒူး+ဒေါ်သီတာရူးပါး မိသားစု(ခန္တီရပ်ကွက်)မှ အလှူငွေ(၁၀၀၀၀၀/-)ကျပ်နှင့် အောင် (TV)၊ စလောင်းပြုပြင်ရေး မိသားစု(ခန္တီရပ်ကွက်)မှ အလှူငွေ (၂၅၀၀၀/-)ကျပ် စုစုပေါင်း အလှူငွေ(၇၇၅၀၀၀/-) (ခုနှစ်သိန်းခုနှစ်သောင်း ငါးထောင်) ကျပ်တိတိကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ယခုလို လှူဒါန်းသောကြောင့် မိုင်းလုံမြို့ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ဇော်ဇော်(ပြန်/ဆက်)