ဆီဆိုင် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီက မြကန်သာရပ်ကွက် အတွင်းရှိ ဆီဆိုင်မြို့နယ်ခန်းမဆောင်၌ ထိုးနှံလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မိုးခိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာရှိသူများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက QR Code များဖတ်ပေး၍ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်မာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ နှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ် (ဆီဆိုင်)