ငါ့သရောက် အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများအား၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမကြိမ်ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉)နာရီမှစတင်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ပညာရေးဌာနဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ၊ မီးသတ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများ ပူးပေါင်းပါဝင်၍ ငါ့သရောက်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆေးထိုးစုရပ်ဖွင့်လှစ်ထိုးနှံပေး ခြင်းဖြစ်ကြောင်းသိရသည်။ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ငါ့သရောက်မြို့ရှိ အခြေခံပညာအ ထက်တန်းကျောင်းနှင့်အလယ်တန်ကျောင်းများမှ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၂၇၇)ဦးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် ကျောင်းနေ အရွယ်ကလေးများ ပညာသင်ကြားမှု နှောင်နှေးဆုံးရှုံးမှုမဖြစ်စေရန်နှင့် ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံခြင်းကို သက် ဆိုင်ရာ တာဝန်ရှိသူများ က လက်တွဲညီစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဖြိုးဝေအောင်(ငါ့သရောက်)