ညောင်ရွှေမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ၏ ပုံစံ(၃)၊ ပုံစံ(၄)နှင့် ပုံစံ(၄-ဂ) တို့ဖြင့် လျှောက်ထားလာမှုများကို ပြင်ဆင်ဆောင်ရွက်

ညောင်ရွှေ      ဩဂုတ်         ၁၈

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ညောင်ရွှေမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၄ ရက်ထိ ပထမအကြိမ် ထုတ်ပြန်ကြေညာပေးခဲ့ရာ မဲဆန္ဒရှင်စာရင်းများ၏ မဲစာရင်း ထည့်သွင်းရန်၊ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်လျှောက်ထားလာမှုများကို ပြင်ဆင် ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ညောင်ရွှေမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားလာမှုများအပေါ် မဲစာရင်းတွင် စာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်း များ က ဆောင်ရွက်ပေးလျက်ရှိရာ ပထမအကြိမ် မဲစာရင်းကပ်ထားစဉ်ကာလအတွင်း ပုံစံ()ဖြင့် လျှောက်ထားသူ (၂၀၁၆)ဦး၊ ပုံစံ()ဖြင့် ကန့်ကွက်သူ (၆၅၈)ဦး၊ ပုံစံ(-)ဖြင့် ပြင်ဆင်ခွင့် တင်ပြသူ (၁၆၁၀)ဦး ရှိပြီး မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရှုသူ (၉၅၁၁၀)ဦးရှိကြောင်း သိရသည်။

(နေမျိုးသူရိန်)