လွိုင်လင် အောက်တိုဘာ ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းကျဆင်းရေးအတွက် လွိုင်လင်မြို့ ဘောလုံးကွင်းတွင် ဟင်းသီးဟင်းရွက်ရောင်းချသည့် ပျံကျဈေးသည်များအား ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရှိစေရေးအတွက် လွိုင်လင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြတ်ခန့်အေးနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ကြတ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကြတ်မတ်စစ်ဆေးဆောင်ရွက်ရာတွင် ဈေးရောင်းဈေးဝယ်များမှ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်းရှိ/ မရှိ၊ ဈေးဝယ်လာရောက်သူများမှ ဈေးဝယ်ကတ်ပါ/မပါ၊ ပျံကျဈေးကို နံနက် (၆:၃၀) မှ နံနက်(၁၀:၃၀) နာရီအထိ ဈေးရောင်းချခွင့်ပြုထားသည်။ ဈေးသူ/ဈေးသားများမှာ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ လိုက်နာမှုရှိ/မရှိ ကြည့်ရှု့စစ်ဆေးပြီးနောက် သတ်မှတ်စည်းကမ်းချက်များကို လိုက်နာမှုမရှိပါက ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေးဥပဒေ ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဥပဒေ များနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ ယနေ့ နံနက်ပိုင်းက လွိုင်လင်မြို့ရှိ တောင်ချွန်းမြေမှတွဲလက်များ ပရဟိတအဖွဲ့က ပါးစပ်နှာခေါင်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
လွိုင်လင်မိုး