အင်းစိန်မြို့နယ်အတွင်းရှိ ဆေးဆိုင်၊ဆေးခန်းများ လိုင်စင်သစ်နှင့် လိုင်စင်သက်တမ်းတိုးခြင်းများ ပူးပေါင်း စစ်ဆေး

ရန်ကုန် ဩဂုတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဆေးဆိုင်၊ ဆေးခန်းများ လိုင်စင်သစ်နှင့် လိုင်စင်သက်တမ်း တိုးခြင်းများ ပူးပေါင်း စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ပူးပေါင်းစစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင် အင်းစိန်မြို့နယ် ဆေးဆိုင်၊ ဆေးခန်းကြီးကြပ်ကော်မတီမှ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင် ကျန်းမာရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက လျှောက်လွှာတင်သွားထားသူ ဆေးဆိုင်၊ဆေးခန်း (၁၉)ခု အား လိုင်စင်သစ်နှင့် လိုင်စင်သက်တမ်း တိုးခြင်းများကို ပူးပေါင်း စစ်ဆေး ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များကို ဝေငှခြင်းနှင့် လိုက်နာရမည့် ညွှန်ကြားချက်များအား ဝေငှခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထား သည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားမှု ရှိ/မရှိ တို့ကို ပူးပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)