ကမာရွတ်မြို့နယ်တွင် ပထမအကြိမ် အခြေခံမဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှု

ကမာရွတ် ဩဂုတ် ၁၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်မှု ရှိစေရန် မြို့နယ်လုံးကျွတ် မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လှုပ်ရှားမှုကို ယမန်နေ့ည (၇)နာရီမှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဇူလိုင်လ (၂၅)ရက်နေ့မှ ဩဂုတ်လ (၁၄)ရက်နေ့အထိ ပထမအကြိမ် ကပ်ထားကြေညာထားရာတွင် လာရောက် ကြည့်ရှုသူ ဦးရေ (၅၂၂၆၂) ဦးရှိကြောင်း သိရှိရသည်။

ပထမအကြိမ် ကပ်ထားကြေညာခဲ့သည့် မဲစာရင်းများတွင် မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းများအား ဖြည့်စွက်လိုခြင်း၊ ကန့်ကွက်လို ခြင်းနှင့် ပြင်ဆင်လိုခြင်းများအား သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံး များတွင် ဩဂုတ်လ (၁၄)ရက်နေ့အထိ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားခဲ့ရာ မဲစာရင်း၌ မိမိအမည်စာရင်းမပါ၍ ထည့်သွင်းရန် ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၅၆၁၅)ဦး၊ မဲစာရင်းတွင် မပါဝင်သင့် သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် လာရောက်ကန့်ကွက်သူ (၇၇၆)ဦး၊ ကိုယ်ရေး အချက်အလက်များ မှားယွင်း၍ ပြင်ဆင်ရန် ပုံစံ(၄-ဂ)ဖြင့် လာရောက် လျှောက်ထားသူ (၇၁၀၇) ရှိကြောင်း သိရသည်။ ကမာရွတ်မြို့နယ်၌ ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင် စုစုပေါင်း ရာခိုင်နှုန်း (၈၁.၅၆%) ရှိကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)