မလှိုင် အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အတွင်းရှိ အသက်(၁၂) နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းဆင့် ကျောင်းသား/သူများ ကိုယ် စိတ်ကျန်းမာစွာဖြင့် အမြန်ဆုံး ပညာ သင်ယူခွင့် ၊ အခွင့်အလမ်း များ ရရှိ စေရန် ရည်ရွယ်၍ (Sinovac ) အမျိုး အစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ် )ထိုးနှံခြင်း ကို ယမန် နေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ဆေးထိုး စုရပ်(၅) နေရာ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည် ။
အဆိုပါနေ့က ဆေးထိုး အဖွဲ့(၅) ဖွဲ့ဖြင့် အ.ထ.က. (မလှိုင်)၊ အ. ထ. က ( ဆည်တို )၊ အ.ထ.က (နှောကန်)၊ အ .ထ.က ( မြို့သစ် ) ၊ အ.ထ.က (မှရိုး ) စသည့် စုရပ်နေရာ(၅) နေရာ၌ (Sinovac ) အမျိုးအစား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ရာ စုရပ်တစ်ခုလျှင် ကျောင်းသား/သူ(၅ဝဝ) ဦးနှုန်း ထိုးနှံပေး နိုင်ခဲ့ပြီး စုရပ် ( ၅ ) ခု အတွက် စုစုပေါင်း ကျောင်းသား/ သူ (၂၅ဝဝ) ဦး ကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေး ထိုးနှံရာသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ တင်ဇော်ဝင်း နှင့် ပညာရေးဌာနမှ လ/ထ ပညာရေးမှူးများက လိုက်လံကြည့် အားပေးခဲ့ပြီး မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ကြသည် ။
မလှိုင်မြို့နယ်တွင် အ.ထ.က (၈) ကျောင်း၊ အ.ထ.က(ခွဲ) (၂၃) ကျောင်း၊ အ.လ.က (၁၄ )ကျောင်း ၊ အ.လ.က(ခွဲ) (၆) ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၁) ကျောင်း ရှိပြီး အသက်(၁၂) နှစ် ပြည့်ပြီးသူ အလယ်တန်း၊ အထက်တန်းဆင့်ကျောင်းသား/သူ စုစုပေါင်း(၅၉၅၄)ဦး ရှိကြောင်းသိရပြီး ကျန်ရှိနေသည့် ကျောင်းများကိုဆက်လက် ထိုးနှံပေးသွား မည်ဖြစ် ကြောင်းသိရသည် ။
အောင်ဌေး(မလှိုင်)