ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အသက်(၆)လမှ (၅)နှစ်အောက် ကလေးငယ်များ ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးပေး

ဒဂုံ ဩဂုတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၌ အသက်(၆)လမှ (၅)နှစ်အောက် ကလေးများ ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်၁၀နာရီက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက် တာဝန်ရှိသူတို့က  စုပေါင်း ဆောင်ရွက်ကြကြောင်း  သိရသည်။

ကာကွယ်ဆေးမတိုက်ကျွေးမီ  အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ဖွေးဘီက ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးပေးခြင်းဖြင့် ကလေး ငယ်များ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုအပြင် ကျန်းမာသန်စွမ်းပြီး အမြင်အာရုံ အားကောင်းစေရန် တိုက်ကျွေးခြင်းဖြစ်ကြောင်း  ရှင်းလင်း ပေးပြီး  ကိုယ်ဝန်ဆောင်  မိခင်များအတွက်  လိုအပ်သည့် ကိုယ်ဝန်ဆောင်ကာလ  မိခင်နှင့်ကလေး  ကျန်းမာသန်စွမ်းစေရန် အသိပညာပေး အကြောင်းအရာများ ထည့်သွင်းဟောပြောသည်။ ထို့နောက် ရပ်ကွက်အတွင်းရှိ  အသက်(၉)နှစ်နှင့် (၁၀)ကြားမိန်းက လေးငယ်များအတွက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး  ထိုးနှံပေးရေး  စာရင်းကောက်ယူ ဆောင်ရွက်ကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)