ကိုဗစ်-၁၉ရာဂါကာကွယ်ဆေး(Sinopharm)ကိုအသက်(၁၂)နှစ်နှင့်အထက်​ ကျောင်းသား/သူများစတင်ထိုးနှံ

ချောက်   ​အောက်တိုဘာ    ၁၈

မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးခရိုင်၊​ ချောက်မြို့နယ်တွင်​ အောက်တိုဘာ၁၇ရက်​နေ့ မှစ၍ကိုဗစ်-၁၉ရာဂါ ကာကွယ်ဆေး(Sinopharm)ကို အသက်(၁၂)နှစ်နှင့် အထက်​ကျောင်းသား/သူများ စတင်ထိုးနှံပြီး ဆေး ထိုးပေးဖို့ သက်ဆိုင်ရာ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အ ရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပညာရေးဌာနတို့မှ ကျောင်းအုပ်ကြီးများနဲ့ပူး​ပေါင်းပြီး သတ်မှတ် ဆေးထိုးစု ရပ် (၁၈)နေရာမှာ ကာကွယ်​ဆေးထိုးနှံ​ပေးလျက်ရှိကြောင်းသိရသည်။

 

ကိုဗစ်-၁၉ရာဂါ ကာကွယ်ဆေးထိုးနှံပြီးသူ အသက်(၁၂)နှစ်နှင့်အထက်​ ကျောင်းသား/သူများ အ​နေဖြင့် ကျန်းမာ​ရေးဝန်ကြီးဌာနက ထုတ်ပြန်​သော ကိုဗစ်-၁၉ရောဂါဆိုင်ရာလမ်းညွှန်ချက်များနှင့် အညီကျောင်းများ ပြန်လည်ဖွင့်လှစ်ပါကပညာသင်ခွင့် အခွင့်အလမ်းရရှိမည်ဖြစ်​ကြောင်း၊​ ဆေးထိုး​ပေး​နေမှုတွင်ကျောင်းသား/သူ မိဘအုပ်ထိန်းသူများ၊ ဆေးထိုးစုရပ်တာဝန်ကျ ​ကျောင်းအုပ်ဆရာကြီး ၊ဆရာ၊ဆရာမတို့မှ ဝိုင်းဝန်းပူး​ပေါင်း ဆောင်ရွက်​နေကြ၍ မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးစိုးလွင်နှင့် မြို့နယ်ပြည်သူ့​ဆေးရုံမှ ဆရာဝန်ကြီး​ဒေါက်တာမျိုးသက်ဦးနှင့် ကျန်းမာ​ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်​ခြေနီ သူနာပြုအဖွဲ့တို့က ​ဆေးထိုးနှံ​နေမှုအ​ပေါ် သက်ဆိုင်ရာ​ဆေးထိုးစုရပ်အသီးသီးတို့တွင် ကြည့်ရှုအား​ပေး​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

 

ချောက်မြို့နယ်အနေနှင့် အသက်(၁၂)နှစ်နှင့် အထက်ကျောင်သား/သူဦး​ရေ စုစု​ပေါင်း(၁၉၁၁)ဦးရှိတဲ့ အပေါ် မှာ​ အောက်တိုဘာလ၁၇ရက်​နေ့က အသက်(၁၂)နှစ်နှင့် အထက်​​ ကျောင်းသား/သူ၄၂၃ ဦးထိုး​ပေးပြီးဖြစ် ကြောင်း၊ ကျန်ရှိ​နေ​သောသူများလည်း ကာကွယ်​ဆေး​ ဆက်လက်ထိုး​ပေးမှာဖြစ်သည်၊​ ဒီအပေါ်မှာ အသက်(၁၂) ပြည့် ပြီး တော့မှဆေးထိုးလိုတဲ့ ကလေးငယ်များရှိပါက ဆေးထိုးပေးဖို့ သက်ဆိုင်ရာ မြို့နယပညာရေးဌာန၊ ကျန်းမာရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့ ပေါင်းစပ်ညှိနှိုင်းပြီးတော့မှ လျာထားပေးပြီးဖြစ်​ကြောင်းလည်း သိရသည်။

 

ကျော်မိုး(ပြန်/ဆက်)