ပင်လောင်း ဩဂုတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ COVID-19 Economic Relief Plan (CERP) အရ COVID-19 ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့က နန်းတုတ်ကျေးရွာအုပ်စုအတွင်း၌ မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းဧက (၇၀)ရှိရာ စိုက်ခင်းဧက (၄၈.၀၀) အား စံချိန်စံညွှန်းနှင့်အညီ နည်းစနစ် မှန်ကန်စေရန် ပင်ခြားတန်းခြား ၈ လက်မ - ၆ လက်မ စိုက်ပျိုးခြင်းနှင့် ၆ တန်းစိုက် တစ်တန်းလှပ် စနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရမည့် နည်းစနစ်များကို စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက လက်တွေ့ကွင်းဆင်း ဆောင်ရွက်ပေးပြီး ကျန်ရှိသည့် မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများအား အချိန်နှင့် တစ်ပြေးညီပြီးမြောက်စေရန် ဆောင်ရွက်လျက် ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် ပြန်/ဆက်