တောင်ကြီး အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၁၀)နာရီ က တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ အသက်(၁၂)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး SinoVac ထိုးနှံနေမှုကို ကြည့်ရှု အားပေးကြကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် အမှတ်(၁၀) အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်ကာ အသက်(၁၂)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများသွေး ပေါင်ချိန်နေမှု၊ အမည်စာရင်းသွင်းနေမှုနှင့် Sinovac ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ထိုးနေမှုတို့ကိုကြည့်ရှု အားပေးကြသည်။
အဆိုပါ Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တောင်ကြီးမြို့နယ်ရှိ အ.ထ.က (၁) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၁၃၆၅) ဦး၊ အ.ထ.က (၁၀) ကျောင်းတွင် (၁၂၄၀)ဦး၊ အ.ထ.က (ရွှေညောင်) တွင် (၁၂၉၇) ဦး၊ အ.ထ.က (အေးသာယာ) တွင် (၃၃၆၀)ဦး၊ အ.ထ.က (ထီသိမ်) ကျောင်းတွင် (၅၁၂) ဦး၊ အ.ထ.က (စလဲ) တွင် (၁၂၇၆) ဦး၊ အ.ထ.က (တောင်နီ) တွင် (၁၀၅၉) ဦး၊ အ.ထ.က (သံတဲ) ကျောင်းတွင် (၁၄၆) ဦး၊ အ.ထ.က (တောင်လေးလုံး) ကျောင်းတွင် (၂၆၈) ဦး ၊ အ.ထ.က (ပန်သခွား) ကျောင်းတွင် (၈၄၂)ဦး၊ အ.ထ.က (ခွဲ) နမ့်ဆီကျောင်းတွင် (၄၄၈)ဦး၊ အ.ထ.က (ဟမ်းဆီး) ကျောင်းတွင် (၄၃၄)ဦး၊ အ.ထ.က (ကျောက်တလုံးကြီး) ကျောင်းတွင်(၁၃၇၁)ဦး၊ အ.ထ.က (လုံကား) ကျောင်းတွင် (၃၁၁) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၃၉၂၉) ဦး ကာကွယ်ဆေးထိုးကြကြောင်း သိရသည်။ Sinovac ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို အသက် (၁၂) မပြည့်သေးသူများ ၊ ဓါတ်မတည့်သူများ ၊ သွေးဥမွှာ လျော့နည်းသူများနှင့် သွေးမတိတ်ရောဂါ ရှိသူများ ၊ ခန္ဓာကိုယ်ခုခံအားစနစ် အားနည်းနေသူများနှင့် ဆီးချိုရောဂါ၊ အတက်ရောဂါ၊ ဦးနှောက်အာရုံကြောရောဂါ တစ်ခုခုရှိသူများကို ကာကွယ်ဆေးထိုးနှံပေးမည် မဟုတ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)