မိုင်းဆတ်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) စတင်ထိုးနှံပေး

မိုင်းဆတ် အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌  အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီက အခြေခံ ပညာ အထက်တန်းကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က  ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်း တို့ကိုဆောင်ရွက်ပေးပြီး  ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံ ပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဇော်လင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် တာဝန်ရှိသူတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၁၉၃၂) ဦးကို သတ်မှတ်စုရပ်နေရာ(၁၆)နေရာတွင် စတင်ထိုးလျက်ရှိရာ ကာကွယ်ဆေး ထိုးရန် ကျန်ရှိသူများ အား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)