ရွှေတောင်မြေ(ရှမ်းနဂါး) မိသားစုမှ နမ့်ဆန်မြို့နယ် ကျောက်ဖြူကျေးရွာအုပ်စု အတွင်းရှိ အသက်(၇၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဆန်(၁)အိတ်စီထောက်ပံ့ပေး

နမ့်ဆန်          သြဂုတ် ၁၈

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကျောက်ဖြူကျေးရွာ အုပ်စု အတွင်းရှိ အသက်(၇၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ပုသိမ်မြို့ ရွှေတောင်မြေ (ရှမ်းနဂါး) လက်ဖက်ရောင်းဝယ်ရေး မိသားစုမှ ဆန်()အိတ်စီထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့မှုတွင် ပုသိမ်မြို့နေ ရွှေတောင်မြေ(ရှမ်းနဂါး) လက်ဖက် ရောင်းဝယ်ရေး ပိုင်ရှင် ဦးမောင်ရွှေ+ဒေါ်မနီ နှင့်သားသမ္မီးများ (မိသားစု)တို့က ၎င်းတို့၏ မွေးရပ်မြေဇာတိရွာ ဖြစ်သည့် ကျောက်ဖြူအုပ်စုအတွင်းရှိ ကျောက်ဖြူ၊ မြိုင်၊ တောင်သုံးဆယ်၊ ကျောက်ခေါင်း၊ ညောင်ပင်သာ ရွာ()ရွာရှိ အသက်(၇၅)နှစ်အထက် သက်ကြီးရွယ်အို(၃၅)ဦးအား  တစ်ဦးလျှင် ဆန်()အိတ်စီနှင့် ကျောက်ဖြူ ဘုန်းတော်ကြီးကျောင်းတိုက်အတွက် ဆန်()အိတ်နှင့် အလှူပစ္စည်းများကို ထောက်ပံ့ လှူဒါန်းပေးခဲ့သည်။

ယင်းသို့ထောက်ပံ့လှူဒါန်းမှုအစီအစဉ်များကို နောက်နှစ်များတွင်လည်း ထပ်မံပြုလုပ်ပြီး အသက် (၇၀) နှစ်အထက် သက်ကြီးရွယ်အိုများအားလုံးကို ထောက်ပံ့ပေးသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)