မာန်အောင် အောက်တိုဘာ ၁၆
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အောက်တိုဘာလ (၁၆)ရက်နေ့တွင် ထိုးနှံပေးရန် အသိပေးနှိုးဆော် ထားသော်လည်း ဆေးရောက်ရှိမှု အခြေအနေ ကြောင့် အောက်တိုဘာလ (၁၈)ရက်နေ့ သို့ပြောင်းရွှေ့ ထပ်မံအသိပေး နှိုးဆော်ထား ကြောင်းသိရသည်။
မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် အခြေခံကျောင်းများမှ အသက်(၁၂)နှစ် အထက်အလယ်တန်း၊ အထက်တန်းကျောင်းသား (၁၉၅၀)ဦး၊ ကျောင်းသူ(၂၂၀၀)ဦး၊ စုစုပေါင်း(၄၁၅၀)ဦးတို့အား ကာကွယ်ဆေးထိုးနှံရန်စုရပ် (၈)နေရာခွဲခြား သတ်မှတ်ပြီး အောက်တိုဘာလ (၁၈)ရက် နံနက်၉နာရီတွင် စတင်ထိုးနှံပေး သွားမည်ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးထံမှသိရသည်။
သိန်းဖေ(ပြန်/ဆက်)