မိုးကောင်းမြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး Sinopharmကို တကြိမ်တခါမှ မထိုးရသေး သူများအား Phase 3 first doses ထိုးနှံပေး

မိုးကောင်း  အောက်တိုဘာ  ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး Sinopharmကို တကြိမ်တခါမှ မထိုးရသေးသူများအား ယနေ့နံနက် ၉နာရီတွင် အထက၂ကျောင်း၊ အထက-နမ္မတီး၊ ပင်းဘောကျေးရွာ ဘက်စုံသုံးခန်းမနှင့် နမ္မနကျေးလက်ဌာနတို့၌ Phase 3 first doses ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးပေးရာတွင် ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေးဆိုင်ရာ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျှက်ရှိပြီး ကာကွယ်ဆေးမထိုးမီလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ စနစ်တကျမှတ်တမ်းရေးသွင်းခြင်းများပြုလုပ်ပြီး ပုံမှအခြေအနေရှိ သူများကို (Sinopharm)ကာကွယ်ဆေးဆက်လက်စထိုးနှံပေးလျက်ရှိပြီး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ၊ မီးသတ်၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့်စာရေးများက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ကြောင်း သိရသည်။

မိုးကောင်းမြို့နယ်အနေဖြင့် ယောက်ထိုးဆေးလုံးရေ ၁၈၀၀ ရရှိပြီး လူဦးရေ ၉၀၀၀ ဦးခန့်ထိုးနှံနိုင်မည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)