ရခိုင်ပြည်နယ် မောင်တောမြို့၌ နိုင်ငံဝန်ထမ်းများနှင့် ဦးစားပေးအစီအစဉ်တွင် ပါဝင်သည့်သူများအား တတိယအသုတ် (ပထမ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ (၆၀၃၃)ဦးရှိပြီဖြစ်

မောင်တော    အောက်တိုဘာ     ၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နိုင်ငံဝန်ထမ်းများနှင့် ဦးစားပေး အစီအစဉ် တွင်ပါဝင်သည့် သူများအား တတိယအသုတ် (ပထမ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့တွင်လည်း သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက် ထိုးနှံသည့် ဦးစားပေး အစီ အစဉ်တွင် ပါဝင်သည့် သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေး ထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး များ နှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ နိုင်ငံဝန်ထမ်းများနှင့် ဦးစားပေးအစီအစဉ် တွင်ပါဝင်သည့် သူများအား တတိယအသုတ် (ပထမ) အကြိမ်အဖြစ် ကာကွယ် ဆေးထိုးနှံသူ အောက်တိုဘာ(၁၂) ရက်နေ့မှ (၁၅)ရက်နေ့ထိ ကာကွယ်ဆေး ထိုးနှံပြီးသူ (၆၀၃၃) ဦးအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန် ချက်များ နှင့် အညီ ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)