မြစ်သား သြဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နှာခေါင်းစည်း အခု (၁၆၀၀) အား ယနေ့နံနက် (၇) နာရီမှစတင်ကာ မြစ်သားစျေး၊ အခွန်လွတ်စျေးနှင့် ကူမဲစျေးများတွင် စျေးဝယ်လာရောက်သူများကို အခမဲ့ဖြန့်ဝေခဲ့ကြသည်။
မြစ်သားစျေး၊ အခွန်လွတ်စျေးနှင့် ကူမဲစျေးများသို့ စျေးဝယ်လာရောက်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက် ကြစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နှာခေါင်းစည်းများကို အပတ်စဉ် အင်္ဂါနေ့တိုင်း ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေရာသို့ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဝန်ထမ်းများနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ အဆိုပါစျေးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)