ကျောက်ပန်းတောင်း အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ဒီးဒုတ်ကုန်းကျေးရွာအုပ်စု၊ မြင်းခြံကုန်း ကျေးရွာ တွင် အောက်တိုဘာ(၁၄)ရက်နေ့ ည(၁၀:၃၀)နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၅) လုံး အမိုးလန် ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ ဦးစံကျော်၊ ဦးပေါအောင်၊ ဦးခင်မောင်သိန်း၊ ဦးကံချွန်နှင့် ဦးမြင့်အောင် တို့၏ လူနေအိမ်ခေါင်မိုးများ အမိုးလန်ပြုတ်ထွက် သွားခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရပြီး၊ အဆိုပါ ကျေးရွာသို့ သတင်းရရှိသည့် နံနက်ပိုင်းတွင်ပင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ သွားရောက်၍ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများနှင့်တွေ့ဆုံပြီး ပျက်စီးမှုများ အမြန်ပြန်လည် ပြုပြင်နိုင်ရေး ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)