ရန်ကုန် ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ကွန်ကရစ် လမ်းခင်းရန်အတွက် ပုံစံပြားရိုက်ပြင်ဆင်နေသည့် လုပ်ငန်းခွင်သို့ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၁) နာရီအချိန်က ဆောင်ရွက် ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် မြို့နယ် လမ်းတံတား ဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးသန်းဦး တာဝန်ယူဆောင်ရွက်မည့် နံ့သာကုန်းရပ်ကွက်၊ ရွှေပြည်အေး လမ်းမြေပြင်တိုင်းတာ ခြင်းနှင့် ကွန်ကရစ်လမ်းခင်းရန်အတွက် ပုံစံပြားရိုက် ပြင်ဆင်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)