တာချီလိတ် ဩဂုတ် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများအား တိုက်ဆိုင်စိစစ်ရေးလုပ်ငန်း အဖွဲ့ဝင် များ ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မဲဆန္ဒရှင်စာရင်းများ ပြုစုထုတ်ပြန်ခဲ့ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်များပါရှိမလာခြင်း နေရာ ကွဲလွဲနေခြင်း စသည့် အမှားများကို ပြန်လည်စစ်ဆေးပြီး ထုတ်ပြန်ပေးနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ် ရခြင်းဖြစ်ကြောင်း သိရသည်။
ညှိနှိုင်းအစည်းဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောမှ အမှာစကား ပြောကြားရာတွင် မဲဆန္ဒရှင် စာရင်းအမှားများ ပြန်လည်စစ်ဆေးတိုက်ဆိုင်ခြင်းကို ဩဂုတ် ၁၉ ရက်နေ့မှ စတင်၍ ရပ်ကွက်/ကျေးရွာ များတွင် လုပ်ငန်း စိစစ်ရေး အဖွဲ့များမှ တစ်အိမ်တက်ဆင်း ပြုလုပ်ဆောင်ရွက်သွားရန်၊ ဆန္ဒမဲပေးရန် မသင့် သူများ ပယ်ဖျက်ရန်၊ ပါဝင်သင့်သူအားလုံး ပါဝင်ရန် ထည့်သွင်းခြင်းနှင့် ရွှေ့ပြောင်း လုပ်သားများ အိမ်ဌား များနှင့် ကျူးကျော်များ အားလုံးပါဝင်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် လာမည့် အောက်တိုဘာ ၉ ရက်နေ့တွင် ရွေးကောက်ပွဲအတွက် မှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်အသိပေးနိုင်ရေးလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်းသိရှိရသည်။
ယာဆေး (ပြန်/ဆက်)