မိုင်းခတ်၌အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူများကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနံရံကပ်စာစောင်ပြသ

 

မိုင်းခတ်  အောက်တိုဘာ  ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသက်၁၂နှစ်နှင့်အထက် ကျောင်းနေအရွယ်လေးများကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို  ယနေ့နံနက်ပိုင်းကဆောင်ရွက်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါနံရံကပ်စာစောင်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်ပါ အသိပညာပေးစာစောင်များ၊ရှမ်း၊အာခါနှင့် လားဟူတိုင်းရင်းသားဘာသာဖြင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး စာစောင်များနှင့်မိုင်းခတ်မြို့နယ်အတွင်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားရာ ပြည်သူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။