လဲချားမြို့နယ်တွင်  Mask မတပ်သူများအား RDT Test Kit ဖြင့် ရောဂါပိုးရှိ/မရှိ စစ်ဆေးပေး

လဲချား  အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ် ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လဲချားမြို့ မြို့မစျေးကြီးရှေ့တွင် မြို့နယ်အတွင်း ကိုဗစ်(၁၉)ရောဂါကူးစက် ပြန့်ပွားမှုလျော့နည်းပပျောက်စေရေးအတွက် Mask မတပ်သူများအား ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးခြင်းကို ယနေ့နံနက်  ( ၇ ) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လဲချားမြို့နယ် ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဦးစီးဌာန ဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့နည်းစေရန် ရည်ရွယ်ပြီး အိမ်အပြင်ထွက်သွားလာကြသော ခရီးသွားပြည်သူများ၊စျေးရောင်း/စျေးဝယ် ပြည်သူများအား နှာခေါင်းစည်း (Mask)မတပ်ဆင်ကြသူများကို  RDT Test  Kit ဖြင့် ရောဂါပိုးရှိ/မရှိစစ်ဆေးပေးပြီး ရောဂါပိုးတွေ့ရှိပါက ဆေးကုသမှုခံယူရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကုသရေးဆောင်သို့ပို့ဆောင်ပြီး ရောဂါပိုးမတွေ့ရှိသူအား အသိပညာပေးပြီး လိုရာခရီးသို့ဆက်လက်သွားလာစေခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (လဲချား)