ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ လက်ကမ်းစာစောင်များဖြန့်ဝေ

ဟိုပုံး  အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကာကွယ်ဆေး ဖြင့် လွှမ်းခြုံအပ်သောအနာဂတ်ပန်းခင်းများဆီသို့ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့ ပြည်ထောင်စု လမ်းမကြီးတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့တို့က ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရန် ရည်ရွယ်၍ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ် ပန်းခင်းများဆီသို့ လက်ကမ်း စာစောင်(၃၀၀)ခုနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်း(Mask)(၁၀၀)ခု အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဟိုပုံးခရိုင်(ပြန်/ဆက်)