နောင်တရား အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ရေးအတွက် ပရဟိတအဖွဲ့က မြို့တွင်းအနှံ့နှင့် ဈေး၌ ကျန်းမာရေးပိုးသတ်ဆေးဖြန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
နောင်တရားမြို့ ပရဟိတအဖွဲ့များက ဘုန်းတော်ကြီးကျောင်းများ၊ နောင်းတရားမြို့တွင်းရှိ အိမ်တိုင်းစေ့နှင့် ဈေးဆိုင်များတွင် ကျန်းမာရေး ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းကို ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိသည်။
နောင်တရားမြို့၌ အောက်တိုဘာလ ၁၄ ရက်နေ့တွင် Positive လူနာ(၅)ဦးတွေ့ရှိပြီး နောင်တရားမြို့ တိုက်နယ်ပြည်သူ့ဆေးရုံနှင့် အ.ထ.ကကျောင်း ကျန်းမာရေးစောင့်ရှောက်မှု စင်တာတွင် ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်။ ၎င်းနှင့်ထိတွေ့ခဲ့သည့် အိမ်သားများကို အခြားသူများနှင့် ထိတွေ့မှုမရှိစေရေးအတွက် Home Stay ထားရှိကာ အသွားအလာကန့်သတ် ဆောင်ရွက်ထားရှိသည်။
နောင်တရားတိုက်နယ်ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် နောင်တရားမြို့ပေါ်နှင့် ကျေးရွာအုပ်စုများအတွင်းမှ ရောဂါကူးစက်ခံရသည့် ကိုဗစ်-၁၉ရောဂါ Positive လူနာစုစုပေါင်း (၂၇)ဦးကို နောင်တရားတိုက်နယ်ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)