ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိ             

 

မန့်ဟီးရိုး အောက်တိုဘာ ၁၅

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်နှင့်ကာကွယ်ထိန်းချုပ်မှုများကို ပြည်သူများပူး ပေါင်းပါဝင်နိုင်စေရန် ရည်ရွယ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါကို မိမိကစ၍ကာကွယ်နိုင်ရန်အတွက် တတ်နိုင်သလောက်အိမ်မှာနေပါ၊ အိမ်ပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေတပ်ဆင်ပါ၊  တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင် လုပ်ကိုင်ပါ၊ အချင်းချင်းအသိပေး/ သတိပေးပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏစနစ်တကျဆေးကြောပါ၊ လေဝင်/လေထွက် မကောင်းသောအခန်းများသို့ သွား ရောက်ခြင်းမှ ရှောင်ကြဉ် ပါ၊ အိမ်အပြင်သို့ ထွက်လေ့ရှိပါက အိမ်ရှိအသက်အရွယ်ကြီးရင့်သူ/ နာတာရှည်  ရောဂါအခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)မတပ်ဆင်ထား သော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မပျက်မကွက် အကြိမ်ပြည့်ခံယူပါ၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ပါ၊ ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် တတ်စွမ်းသရွေ့စနစ်တကျ ပါဝင်ပူးပေါင်းဆောင်ရွက်ပါ၊ ကိုဗစ်-၁၉ရောဂါသံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူပါ စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  လမ်းညွှန်ချက်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ပေးရန်နှင့် အများပြည်သူများ စားဝတ်နေရေး အတွက် စားသောက် ကုန်ပစ္စည်းများကို မူဆယ်မြို့မှသယ်ဆောင်လာသည်ဖြစ်စေ၊ အခြားမြို့နယ်များ မှ မိမိတို့မြို့ရှိ  ရပ်ကွက်/ကျေးရွာများအတွင်းသို့ ဝင်ရောက်လာသည်ဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက်/ကျေး ရွာ အုပ်ချုပ်ရေးမှူးနှင့် မြို့အုပ်ချုပ်ရေးမှူးထံမှ ထောက်ခံချက်ရယူပြီးမှသာ ရောင်းချခြင်း၊နေထိုင်ခြင်း များဆောင်ရွက်ရန်တို့ကို အသိပေးကြေညာခဲ့ကြောင်းသိရသည်။       

စန္ဒာ