မန်တုံ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့တွင် ကိုဗစ်(၁၉) ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှုကို လျော့နည်းစေပြီး မိမိကစ ၍ကာကွယ်နိုင်စေရန် ပလောင်၊မြန်မာ ဘာသာများဖြင့် ယနေ့နံနက်အချိန်က ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
အဆိုပါကျန်းမာရေးဆိုင်ရာအသိပညာပေးနှိုးဆော်ချက်များတွင်ပြည်သူများအနေဖြင့်အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာနေထိုင် ရန်၊လက်ကိုဆပ်ပြာဖြင့်စက္ကန့် ၂၀ ကြာအောင်မကြာခဏ ဆေး ကြောရန်၊ မိမိအိမ်သို့ ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်၊ မဖြစ်မနေ အရေးကြီးကိစ္စရှိ၍ အိမ်ပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask တတ်ရန်၊ Mask မတပ်သည့်ဆိုင်များ တွင်စျေးမ၀ယ်ကြရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask မတပ် သူများနှင်တွေ့ဆုံပါကစကားပြောခြင်း မပြုလုပ်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း Mask နှာခေါင်းစည်းများကိုစနစ်တကျစွန့်ပစ်ကြရန်၊ အသုံးပြုပြီး သော Maskများအားထပ်မံအ သုံးမပြုကြရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ် နှင့်နှာခေါင်း၊ အမျက်နှာတို့ကို ပွတ်သပ်ခြင်းနှင့်ကိုင်တွယ်ခြင်းမပြုလုပ်ကြရန်၊ အ၀တ်စားမလဲမီကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးဘဲ အိမ်သားများနှင့်အနီးကပ် မထိတွေ့ကြရန်၊ လေ၀င်လေထွက်မကောင်းသော အခန်းများ၊ ပြူတင်းတံခါး များဖွင့်ပြီး လေ၀င်လေထွက်ရရှိအောင်ဆောင်ရွက်ထားကြရန်၊ မိမိတို့ပတ်၀န်းကျင်၌ သံသယလူနာတွေ့ ရှိပါက သက်ဆိုင်ရာသို့အမြန်သတင်းပေးပို့ကြရန်၊ မိမိတို့၌ ပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးဆက်သွယ်၍ မပျက်မကွက် ဆေးစစ်ကုသမှု ခံယူရန်နှင့်ကိုဗစ်(၁၉)ရောဂါ ကူးစက်ပျံ့ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ပေးကြပါရန် HandSpeaker ဖြင့် ကျယ်ကျယ် ပြန့်ပြန့် တိုက်တွန်း နှိုးဆော်ခဲ့သည်။
ထိုသို့ ကျန်းမာရေးအသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ မြို့မရပ်ကွက်ရှိ စျေးဆိုင်လမ်းများ၊ လမ်းဆုံနေရာများ၊ အိမ်ခြေ ထူထပ်သောနေရာများသို့သွားရောက်ဆောင်ရွက်ခဲ့သည်။
မန်တုံ