အင်းစိန်မြို့နယ်၌ လူသွားစင်္ကြန်(Platform)ပြုလုပ်နေသည့် လုပ်ငန်းခွင်များသို့ စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ကြည့်ရှုစစ်ဆေး

ရန်ကုန်   ဩဂုတ်   ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ လူသွားစင်္ကြန်(Platform)ပြုလုပ်နေသည့် လုပ်ငန်းခွင်များသို့ စည်ပင် သာယာရေး ကော်မတီ ဥက္ကဌ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကြည့်ရှု စစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် မြို့နယ် လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးသန်းဦး တာဝန်ယူ ဆောင်ရွက်လျက်ရှိသော လမ်းသစ်လမ်း (ဘူတာရုံ လမ်းနှင့် ပြည်လမ်းကြားအပိုင်း) တွင် လူသွားစင်္ကြန် (Platform)ပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများသည် မြို့နယ်လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးသန်းဦး တာဝန်ယူ ဆောင်ရွက်လျက်ရှိသော နံ့သာကုန်းရပ်ကွက်၊ တန်းမြင့်ကျော်လမ်း လူသွား စင်္ကြန် (Platform) ကွန်ကရိစတင်လောင်း နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ ပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)