နောင်ချို အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတလူမှုကူညီရေး အသင်း အတွက် အလှူငွေနှင့်စားသောက်ကုန် များကို ယမန်နေ့က သဖန်းကိုင်းပရ ဟိတဆရာတော်ထံ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် နောင်ချိုမြို့နယ် အုမ္မခါးအုပ်စု ငုက္ခလေးရွာနေ ဦးအာစိတ္တ+ ဒေါ်နန်းဟွမ် မိသားစုမှ အလှူငွေ ၁၀၀၀၀၀/-(ကျပ်တစ်သိန်းတိတိ)၊သရက်ကုန်းအုပ်စု ဇာလီရွာ ဇာလီ ကျောင်းဆရာတော်နှင့် တပည့်များမှ အလှူငွေ ၆၀၀၀၀/-(ကျပ်ခြောက်ထောင်တိတိ) နှင့် ဆန်၊ဆီ၊အသီးအရွက်၊ ဟင်းချက်စရာများ လှူဒါန်းပေးခဲ့ရာ သဖန်းက်ုင်းပရဟိတ ဆရာတော်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်း ကိုဗစ်ကုသရေးစင်တာ၌ ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/ မရှိစစ်ဆေးခြင်း၊ ပိုးတွေ့လူနာများအား အတိုင်ခံသမားတော် ၁ ဦး၊ ဆရာဝန် ၁ ဦး၊ သူနာပြု ၄ ဦးတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လူနာများအား စားသောက်ရေးကိစ္စများ ဆောက်ရွက်ပေးခြင်း၊ မြို့နယ်အတွင်း လိုအပ်သောနေရာများသို့ ပိုးသတ်ဆေးဖျန်း ပေးခြင်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။
ထွေးငယ်(ပြန်ဆက်)