ဆွမ်ပရာဘွမ်မြို့၌ ဌာနဆိုင်ရာများ၏ စုပေါင်းလှူဒါန်းမူဖြင့်ရရှိသည့် ဝတ္ထုငွေများကို ဘာသာရေး ကျောင်းခုနှစ်ကျောင်းတွင်လှူဒါန်း

ဆွမ်ပရာဘွမ် အောက်တိုဘာ ၁၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ပေါ်သုံးရပ်ကွက်နှင့်ဖုန်ကျန်းကျေးရွာတွင် ဌာနဆိုင်ရာ များ ၏စုပေါင်းလှူဒါန်းမူဖြင့်ရရှိသည့်ငွေကျပ်၄၉၀၀၀၀ကျပ်ကို ယနေ့နံနက်၉နာရီ အချိန်ခန့် ကဘာသာရေးကျောင်းခုနှစ် ကျောင်းသို့သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့ ဘာသာရေးကျောင်း ခုနှစ်ကျောင်းသို့ လှူဒါန်းမူပြုလုပ်ခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ စည်းကမ်းချက်ဖြင့် ထေရဝါဒဗုဒ္ဓသာသနာကျောင်း တိုက်တွင်အလှူငွေနှင့် ပစ္စည်းတန်ဖိုးကျပ် ၁၉၀၀၀၀၊ ဖုန်ကျန်းကျေးရွာ အဝေရာပါရမီကျောင်းတိုက်တွင် အလှူငွေနှင့် ပစ္စည်းတန်ဖိုးကျပ် ၁၂၅၅၀၀၊ နှစ်ခြင်းခရစ်ယာန်ကျောင်းနှင့်ကက် သလစ်ခရစ်ယာန်ဘာသာရေး ကျောင်းတွင် ပစ္စည်းတန်ဖိုးကျပ်၉၄၀၀၀၊အေဂျီအသင်းတော်-၁၊ အေဂျီအသင်းတော်-၂နှင့် COCခရစ်တော်၏ အသင်းတော်ကျောင်းတွင် ပစ္စည်းတန်ဖိုးကျပ်၈၄၀၀၀ကျပ် စုစုပေါင်းဝတ္ထုငွေနှင့် ပစ္စည်းတန်ဖိုး ၄၉၀၀၀၀ကျပ်ကိုအသီးသီးလှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းခြင်းလုပ်ငန်းတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် အမျိုးသမီးရေးရာ အဖွဲ့များ ပါဝင်ဆောင်ရွက် ကြောင်းသိရသည်။

Henry Miko Sa(ဆွမ်ပရာဘွမ်)