ကျောက်ဖြူမြို့တွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ပထမဆုနှင့် ဒုတိယဆုရရှိခဲ့ကြသည့် Youth Club အဖွဲ့ဝင် ဆုရအသင်းများအား ဂုဏ်ပြုဆုများချီးမြှင့်

ကျောက်ဖြူ  အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူး၍  Youth Club အဖွဲ့ဝင်လူငယ်၊ လူရွယ်များကို အားကစားဘက်တွင် စိတ်ဝင်စားမှုရှိလာစေရန်၊ ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ကျန်းမာကြံ့ခိုင်သည့် လူငယ်၊လူရွယ်များ ဖြစ်လာစေရန်နှင့် မြန့်မာ့လက်ရွေးစင် အားကစားသမားများ ဖြစ်လာစေရန် ရည်ရွယ်၍ ပိုက်ကျော်ခြင်း ပြိုင်ပွဲအား အောက်တိုဘာလ ၁၂ ရက်နေ့မှစတင်ကျင်းပခဲ့ပြီး ပထမဆုနှင့် ဒုတိယဆု ရရှိသည့် အသင်းများကို ယမန်နေ့ ညနေ နာရီက ဆုများအသီး သီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆုပေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ် က   ပြိုင်ပွဲဝင် အသင်းသားများအား ပိုက်ကျော်ခြင်း ပြိုင်ပွဲပြုလုပ် ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်း ပြောကြားပြီး ပထမဆုရရှိသည့် ရခိုင်သားအသင်းနှင့် ဒုတိယဆုရရှိသည့် စာပေချစ်သူအသင်းကို ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ရာ အသင်းသားများထဲမှ တာဝန်ရှိသူ တစ်ဦးမှ လက်ခံရယူခဲ့သည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းလေးသင်းတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အုပ်စု ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်ကာ ဗိုလ်လုပွဲစဉ်အနေဖြင့် အောက်တိုဘာလ ၁၃ ရက်နေ့က အုပ်စု(က)မှ ရခိုင်သားအသင်းနှင့် အုပ်စု()မှ စာပေချစ်သူအသင်းတို့က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး အုပ်စု(က)အသင်းမှ အုပ်စု()အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့် အနိုင်ရဗိုလ်စွဲ သွားကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)