မန်ကန်မြို့၌ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မန်ကန် အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ ကိုဗစ် -၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှဦးဆောင်၍ ပညာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ယနေ့ နံနက်၈နာရီခွဲအချိန်က မန်ကန်မြို့အတွင်းရှိ ရပ်ကွက်များတွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်း၊ ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံရေး၏ရည်ရွယ်ချက်၊ ကာကွယ်ဆေး မထိုးနှံပေးရမည့် ကျောင်းသား၊ကျောင်းသူများ၊ ယာယီမထိုးနှံပေးရမည့် ကျောင်းသား၊ ကျောင်းသူများနှင့် Sinovac ကာကွယ်ဆေး၏ နောက်ဆက်တွဲပြဿနာများ တို့ကို (Hand speaker) ဖြင့် (ရှမ်း၊ ဝ၊ ဗမာ) သုံးဘာသာဖြင့် အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများကို မန်ကန်မြို့အတွင်းရှိ ရပ်ကွက်များနှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမည့် အသက် (၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများနှင့် သံဃာတော်များတို့အား မန်ကန်မြို့ မြို့ဦးကျောင်းတွင် ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် စာရင်းသွင်းနိုင်ရန် ပညာရေးဌာနမှတာဝန်ယူ၍ စာရင်းကောက်ခံပေးလျက်ရှိကြောင်းသိရသည်။

ကျော်ဇင်ထက် (ပြန်/ဆက်)