ကျိုက်မရော အောက်တိုဘာ ၁၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု သိသိသာသာ ကျဆင်းသွားပြီဖြစ်၍ ဆက်လက်ထိန်းချုပ်နိုင်ရန် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆေးထိုးစုရပ် ၈ ခု၌ ဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီမှစ၍ အသက်၅၅နှစ် အထက်နှင့် အသက်၁၈နှစ်ပြည့်ပြီး သူများ၊ စျေးရောင်းသူများ၊ လူမှုရေးအသင်းများ၊ မြို့နယ်မော်တော်ယာဉ် ထိန်းသိမ်းရေးကော်မတီမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ်၊ ဒုတိယအကြိမ် အထိ ကာကွယ်ဆေးထိုးနှံပြီးသူ (၄၉၅၀)ဦးထိ ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး