ပျဉ်းမနား အောက်တိုဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်၊ ပထမအကြိမ်ထိုးနှံပြီးသူများကို အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ပျဉ်းမနားမြို့ အမှတ် ၃ အခြခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် ကာကွယ်ဆေးထိုးနှံရေးစင်တာတွင် ဒုတိယအကြိမ်စတင်ထိုးနှံပေးလျက်ကြောင်း သိရသည်။
ဒုတိယအသုတ်၊ ပထမအကြိမ်ထိုးနှံပေးရာတွင် ယခင်ကာကွယ်ဆေးထိုးနှံခွင့်ရရှိသူများမှ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများ၊ နာတာရှည်ရောဂါခံစားနေရသူများ၊ မသန်စွမ်းသူ များနှင့် အသက် ၅၅ နှစ်မှ ၆၄ နှစ်အကြား အသက်ကြီးသူများကို အဆင့်အလိုက် ထိုးနှံပေးခဲ့ရာ စက်တင်ဘာလ ၁၆ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့အထိ လူဦးရေ ၂၅၄၉၆ ဦး ထိုးနှံပေး ပြီးဖြစ်ကာ အဆိုပါ ပထမအကြိမ်ထိုးနှံပြီးသူများအား ယခုဒုတိအကြိမ်အဖြစ် ထိုးနှံပေးမည် ဖြစ်ရာ ကာကွယ်ဆေးထိုးခြင်းဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးအားပေးကာ လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ဖြိုး(ပြန်/ဆက်)