ပေါက်တောမြို့၌ အသက်(၁၂)နှစ် နှင့် အထက်ကျောင်းသား/ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် မြေစိုက်ပိုစတာစိုက်ထူ

 

ပေါက်တော       အောက်တိုဘာ    ၁၄

 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ် နှင့် အထက်ကျောင်း သား/ကျောင်းသားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင် ကြား နိုင်စေရန် ရည်ရွယ်လျက် `ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးကြပါစို့´ ​ဆောင်ပုဒ်ပါ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ပေါက်တောမြို့ အထက ကျောင်းရှေ့ နှင့် မြို့နယ်အားကစားခန်းမ ရှေ့တွင် ယနေ့ နံနက်(၈) နာရီက စိုက်ထူကြသည်။

 

အဆိုပါမြေစိုက်ပိုစတာ စိုက်ထူခြင်းကို  ပြည်ထဲရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဝန်ထမ်းတို့ပူးပေါင်းပြီး ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သည်။ မြေစိုက်ပိုစတာစိုက်ထူ ခြင်းသို့မြို့နယ်အထွေထွေ အုပ်ချုပ်ရေး စီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းငြိမ်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ ပေါက်တောမြို့နယ်ရှိ အသက်(၁၂)နှင့်အထက် ဆေးထိုးနှံမည့်ကျောင်းသား /ကျောင်းသူ စုစုပေါင်း စာရင်းအရ ဦးရေ(၁၂၁၆၆) ဦးရှိပြီး ဆေးထိုးနှံပေးမည့်စုရပ် (၂၆)နေရာတို့တွင် အောက်တိုဘာလ(၁၆)ရက်နေ့ စတင်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

 

ကျော်သန်း