ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်

ရမည်းသင်း အောက်တိုဘာ ၁၄

ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကာ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေနံနက် ၁၁ နာရီက အသံချဲ့စက်ဖြင့် ဆည်ကြီးကျေးရွာအတွင်းသို့ လှည့်လည်၍ အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ 

ရမည်းသင်းမြို့နယ်အား ဇူလိုင် ၂၇ ရက်နေ့မှစ၍ Stay   at   Home မြို့နယ်အဖြစ် သတ်မှတ် ထုတ်ပြန် ကြေညာထာခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျေးရွာ အုပ်ချုပ်ရေမှူး ဦးမိုးဝင်းအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးခြင်းကို နှိုးဆော်ကြေညာပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဦးစားပေးအုပ်စု အလိုက်ထိုးနှံပေးခြင်းနှင့် အသက်(၁၂)နှစ်နှင့် အထက်အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းတွင် ပူးပေါင်း ပါဝင်စေရေး နှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ရေး ပြည်သူများအနေဖြင့် တတ်နိုင် သမျှ အိမ်တွင်း၌သာ နေထိုင်ရေး၊ နေအိမ်အပြင် ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြ ရန်၊ လက်ကိုဆပ်ပြာဖြင့်  မကြာခဏဆေးကြောကြရန်၊ လူစုလူဝေးများကို ရှောင်ရှားကြရန်၊ ရောဂါ ပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှု ခံယူကြရန်စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာများနှင့် အိမ်ရှင်နှင့် အိမ်ငှား နေထိုင်သူများသို့ အသိပေးခြင်းကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်နိုင်ထွန်း (ခရိုင်ပြန်ဆက်)