ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ကျေးသီး  သြဂုတ်  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ Community Centreခန်းမ၌ ကျောင်းသားလူငယ်များနှင့်စာပေချစ်မြတ်နိုးသူလူငယ်များစုစည်း၍ စာဖတ် ဝိုင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းမှာ ကျောင်းသားလူငယ်များအနေဖြင့်စာဖတ် စွမ်းရည်၊ အပြော စွမ်းရည်နှင့် အစုအဖွဲ့များ အတွင်း အပြန်အလှန် ဆွေးနွေးသည့် အလေ့အထများ၊ အပြန်အလှန် မေးမြန်း ဖြေကြားသည့် အလေ့အထများဖြစ်ပေါ် လာစေရေး လေ့ကျင့် ပျိုးထောင် ပေးခြင်း ဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စိုးနန္ဒာပိုက်က အောင်ကိုဦး(UMK)ရေးသားထား သည့်လူငယ်တွေ စဉ်းစားဖို့ စာအုပ်ထဲမှ လူငယ်နှင့် အချိန် ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းသို့ ကျောင်းသားလူငယ်များနှင့် စာပေချစ်မြတ်နိုးသူလူငယ် (၁၂)ဦး တက်ရောက် ဆွေးနွေးခဲ့ပြီး ရုံးတွင်းတွင် ပြသထားသည့် အသိပညာပေး နံရံကပ် စာစောင်များအား ဖတ်ရှုလေ့လာမှတ်သား ခဲ့ကြကြောင်းသိရသည်။

သဲစုပိုင်(ပြန်/ဆက်)