သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Book Clubနှင့် Women Club အဖွဲ့၀င်များစာဖတ်ဝိုင်းကျင်းပ

သုံးခွ ဩဂုတ် ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club နှင့် Women Club အဖွဲ့တို့ ပူးပေါင်း၍ ဆရာဖေမြင့်၏ "တန်ဖိုးထား အပ်သောအရာများ "စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲ၂နာရီက လူထုအခြေပြု ဗဟိုဌာန  Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်‌ထွေးက ကိုဗစ်-၁၉ ရောဂါ အကြောင်း သိကောင်း စရာများ၊ လူကုန်ကူးမှုအ‌ကြောင်း သိကောင်းစရာများ၊ စာပေဖတ်ရှု ဆွေးနွေးသည့် အလေ့အကျင့်များ ရရှိစေရန်နှင့် အသိပညာတိုးပွားစေရန် ရည်ရွယ် ၍ ကျင်းပခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ Book Clubအဖွဲ့၀င်ဦးကြည်စိုးလွင်က ဆရာ‌ဖေမြင့်၏ "တန်ဖိုးထားအပ်သော အရာများ"စာအုပ်ပါ အကြောင်းအရာ အကျဉ်းချုပ်ကို ဦးဆောင် ဆွေးနွေးခဲ့ပြီး(Women Club)အဖွဲ့ဝင်‌ မတင်‌နေလွင်က အတိုင်းအတာ မသိတဲ့လူ"လူကြီးနဲ့လူငယ် အဟောင်းနဲ့အသစ်”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်တင်မိုးဆွေမှ" ဣန္ဒြေနဲ့မနေတတ်တဲ့လူ" နှင့် "အဆုံးအဖြတ်ပေး တတ်တဲ့လူ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အသီးသီး ဆွေးနွေး ပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသည့် စာပေဝါသနာရှင်များကစာအုပ်ပါအကြောင်း အရာများကိုအပြန်အလှန် ဆွေးနွေးခဲ့‌ ကြောင်း သိရသည်။

ထို့နောက် ဗဟုသုတရရှိစေရန်အတွက် ခင်းကျင်းပြသထားသော လူကုန်ကူးမှုပပျောက်ရေး နံရံကပ်စာစောင်များနှင့်  ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များကို စာပေဝါသနာရှင်များ က လေ့လာဖတ်ရှုခဲ့ကြောင်းသိရသည်။

စည်သူလင်း (ပြန်/ဆက်)