တောင်တွင်းကြီးမြို့ ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင်စေတော်မြတ်ကြီး၏ ရင်ပြင်တော် ပေါ်၌ (၁၂)ကြိမ်မြောက် မြို့နယ်စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

တောင်တွင်းကြီး အောက်တိုဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာ ရွှေအင်းတောင် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ဓမ္မာရုံ၌ မြို့ပေါ်ကျောင်းတိုက်ပေါင်း (၅၇)ကျောင်းမှ ဆရာတော် (၅၇)ပါးတို့အား (၁၂)ကြိမ်မြောက် မြို့နယ်စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ နမောတဿ()ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော်ကြီး များအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့များ၊ ဌာနဆိုင်ရာ အကြီးအကဲများ အလှူရှင် မိသားစုများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ် လှူဒါန်းခဲ့ပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)