မိုင်းပျဉ်း အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၈) ဦးအား ယမန်နေ့တွင် ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၈)ဦးမှာ မိုင်းပျဉ်းမြို့၊ ပိန်းဆန်းရပ်ကွက်နေ အသက်(၂၇)ရှိ အမျိုး သား(၁)ဦးနှင့် အသက်(၄၈)နှစ်ရှိ အမျိုးသမီး(၁)ဦး၊ မိုင်းပျဉ်းမြို့နယ်၊ ဖာဝေါကျေးရွာ အုပ်စု၊ ပုံခက်(၅) မိုင်ကျေးရွာနေ အသက်(၂၀)နှစ်ရှိ အမျိုးသား(၁)ဦးနှင့် အသက်(၉)နှစ်ရှိ ကလေး(ကျား)(၁)ဦး၊ မိုင်းပုအွန် ကျေးရွာအုပ်စု၊ ဝမ်ခုတ်ကျေးရွာနေ အသက်(၃၇)နှစ်နှင့် အသက်(၂၃)နှစ်ရှိ အမျိုးသား(၂)ဦး၊ အသက်(၄၀) နှစ်နှင့် အသက်(၂၅)နှစ်ရှိ အမျိုးသမီး(၂)ဦး တို့ဖြစ်ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများအနက် မိုင်းပျဉ်းမြို့၊ ပိန်းဆန်းရပ်ကွက်မှ ပိုးတွေ့ လူနာ(၂)ဦးသည် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သဖြင့် မြို့အဝင်ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်၌ RDT Test Kit ဖြင့် စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့ခြင်း၊ ဖာဝေါကျေးရွာအုပ်စု၊ ပုံခတ်(၅) မိုင်ကျေးရွာမှ ပိုးတွေ့လူနာ(၂)ဦးသည် ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာနှင့် ထိတွေ့ခဲ့သဖြင့် ဖောဝေါကျေးရွာအုပ်စု၊ ပုံခက်(၅)မိုင်ကျေးရွာ၌ RDT Test Kit ဖြင့်စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့ခြင်းနှင့် မိုင်းပုအွန်ကျေးရွာအုပ်စု၊ ဝမ်ခုတ်ကျေးရွာမှ ပိုးတွေ့လူနာ(၄)ဦးသည် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သဖြင့် မိုင်းပုအွန် ကျေးရွာ၊ ကျေးလက် ကျန်းမာရေးဆေးပေးခန်း၌ RDT Test Kit ဖြင့် စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့ခြင်း တို့ဖြစ်သည်။
အထက်ပါ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၈)ဦးအား မိုင်းပျဉ်းမြို့နယ်ပြည်သူ့ဆေးရုံနှင့် မိုင်းပုအွန်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း Positive Center တို့၌ထားရှိကာ ကျန်းမာရေးစောင့် ရှောက်မှုခံယူစေမည်ဖြစ်ပြီး ၎င်းတို့၏မိသားစုဝင်များ၊ ထိတွေ့ခဲ့သူများအား အသွားအလာကန့်သတ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇွန် ၃၀ ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၆၆၀)ဦးအထိ စစ်ဆေးတွေ့ရှိပြီး ကျန်းမာရေးကောင်းမွန်၍ နေရပ်ပြန်ခွင့်ရသူ(၅၆၃)ဦး၊ ဆေးကုသမှုခံယူ နေသူ(၉၇)ဦးနှင့် သေဆုံးလူနာ(၁) ဦးရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)