နေပြည်တော် အောက်တိုဘာ ၁၄
နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းများနှောင်နှေးကြန့်ကြာမှုမရှိစေရေး လုပ်ငန်း ညှိနှိုင် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နေပြည်တော်အဆင့် ဌာနဆိုင်ရာ များအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းများနှောင်နှေးကြန့်ကြာမှု မရှိစေရေးကို အလေးထားဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ဌာနဆိုင်ရာများက မိမိတို့၏ဌာနများအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)