နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျေးရွာဒေသခံပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကလိုရင်း ပိုးသတ်ဆေး သွားရောက်ဖျန်းပေး

နမ့်ခမ်း အောက်တိုဘာ ၁၄

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ကျေးရွားများရှိ ကျေးရွာဒေခံပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက်  ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းဖြစ်သည့် ပိုးသတ် ဆေးဖျန်းခြင်းကို ယနေ့နံနက်ပိုင်း(၁၀)နာရီအချိန် နမ့်ခမ်းမြို့နယ်အတွင်း ရှိ ကျေးရွာများ၌ ကလိုရင်းပိုးသတ်ဆေး သွားရောက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့တွင် ယခုကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများနှင့် ပြင်းထန် ရောဂါလက္ခဏာခံစားရသူများ ပြန်လည်များပြားလာရာ ရောဂါကူးစက်ခံရ သူများတွင် မြို့ပေါ်နေ ပြည်သူများသာမက ကျေးရွာဒေသခံပြည်သူများတွင်လည်း ကူးစက်ခံရပြီး ရောဂါ ကူးစက်မှု မခံရသေးသည့် ကျေးရွာဒေသခံပြည်သူများမှ  ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ကျေးရွာများဖြစ်သည့် ဆာလု၊ မန်အောင်၊ ဖာလင်၊ မန့်မိုင်နှင့် လွယ်လွမ်လီရှော ကျေးရွာ (၅)ရွာသို့ ကျေးရွာလမ်းများ၊ ဘုန်းကြီးကျောင်းများ၊ ဓမ္မာရုံများ၊ လူနေအိမ်များနှင့် အများသုံး ရေကန်များတို့၌ ကိုလိုရင်းပိုးသတ်ဆေး သွားရောက်ဖျန်းပေးခဲ့ပြီး ကျန်ရှိသည့် ကျေးရွာများတွင် လည်း ဆက်လက်ဖျန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပိုးသတ်ဆေးသွားရောက်ဖျန်းပေးခြင်းကို နမ့်ခမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး ကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘဦး(နမ့်ခမ်း)