စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူမျာနှင့်မသန်စွမ်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်(၁၂၃၄၅)ဦး ထိုးနှံပြီးဖြစ်

စဉ့်ကိုင်     အောက်တိုဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် အတွင်းရှိ  ရပ်ကွက်/ ကျေးရွာများမှအသက်(၁၈)နှစ် အထက်ပြည်သူများနှင့်  မသန်စွမ်းသူများအား   ကိုဗစ် - ၁၉   ရောဂါ    ကာကွယ် ဆေးပထမအကြိမ် (၁၂၃၄၅)ဦး ထိုးနှံပြီးဖြစ်ကြောင်းသိရသည်။

ထိုသို့   ကာကွယ်ဆေးများ  ထိုးနှံပေးရာတွင်   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌     ဒုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး   ဒေါက်တာသိမ့်အိသူ    (ပြည်သူ့ကျန်းမာ)   ပလိပ်တိုက်နယ် ဆေးရုံတွင်ဒေါက်တာသက်ကိုကိုလွင်(ရောဂါနှိမ်နှင်းရေး) ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာရေးမှူး)တို့က ဦးဆောင်၍ ကျန်းမာရေး ၀န်ထမ်းများ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ    ၀န်ထမ်းများ၊ပညာရေးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ် ကြက်ခြေ နီသူနာပြု တပ်ဖွဲ့၀င်များ၊ ပရဟိတအသင်းအဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်းကိုဗစ်-၁၉ကူးစက်ရောဂါကူးစက်  ပြန့်ပွားမှုမဖြစ်စေရေး၊  ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်နှင့် ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက် သက်ဆိုင်ရာမြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့မှကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့၀င်များနှင့်  ပူးပေါင်းပြီး ပြည်သူများလိုက်နာစေရန်၊  အသံချဲ့စက်များ၊  Hand  Spaker  ဖြင့်  လှည့်လည်ပြီးအသိပညာပေးနှိုးဆော်ခြင်း၊ ရပ်ကွက် /  ကျေးရွာများအတွင်း  ပိုးသတ် ဆေးများ ဖြန်းပေးခြင်း၊    ဒေသန္တာရစည်းကမ်းချက်များ၊ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော  ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း ၊အသက်(၁၂) နှစ် အထက် အလယ် တန်း၊ အထက်တန်းကျောင်းသား/ကျောင်းသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသွား ကြရန်နှင့်မိဘများက ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးကြပါရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)