မန်တုံ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်အချိန်က မြို့မရပ်ကွက်၊ လီဆူစစ်ဘေးရှောင်စခန်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန်တုံမြို့နယ်ဦးစီးဌာနရုံးမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတေဇာလင်း ကြီးကြပ်၍ လဝကမှူး ဦးစိုင်းမြင့်အေးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကဒ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းများ စိစစ်လဲလှယ် ထုတ်ပေးခြင်း၊ ပျက်စီး၊ ပျောက်ဆုံးသူများကို မိတ္တူပြုလုပ် ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း၌ မွေးတိုး /သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း ပြောင်းဝင်၊ ပြောင်းထွက်၊ တိုး/လျော့ လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း တို့ကိုကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာများသို့ ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန်တုံ ပြန်/ဆက်