မြစ်သား အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀) နာရီက မြစ်သားမြို့ ဗိုလ်ချုပ်လမ်း ရွှေမုဌောဘုရားရှေ့၊ လမ်းဆုံလမ်းခွနေရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်နေရာများတွင် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဦးစီးမှူး ဦးဝင်းဆွေနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဗိုလ်ချုပ်လမ်း ရွှေမုဌောဘုရားရှေ့၊ လမ်းဆုံလမ်းခွနေရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည့် စုရပ်နေရာများတွင် ပြည်သူများ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိရေး ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင် အစောင်ရေ (၇၀၀) ကို ဖြန့်ဝေပေးကြသည်။
အဆိုပါ ပန်းခင်းစီမံချက် လက်ကမ်းစာစောင်တွင် လက်ရှိဇာတိတွင် အမြဲတန်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်း နေထိုင်သူ များအတွက် မူလဒေသတွင် အိမ်ထောင်စု ဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စသည့်ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူများကိုင်ဆောင် သင့်သည့် ကတ်ပြားတစ် မျိုးမျိုးရရှိရေး ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များအကြောင်း ဖော်ပြပါရှိပြီး ပန်းခင်းစီမံချက်ကာလမှာ (၃-၅-၂၀၂၁) ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြမြမွန်(မြစ်သား)